Sunday, December 26, 2010

စာမူပေးသောအကိုအား ကျေးဇူးအထူးပင်တင်ရှိပါသည်။


ဓမ္မသုခကျောင်းတော်ဆ
စေတီတော်မြတ်
ရွှေရောင်ဝင်းပါလို့
ကျောက်လှေခါး ဆင့်ဆင့်နဲ့
ကျောက်တုံးကြီး ထက်မှာတည်
ဘွဲ့တော်မည် ဓမ္မသုခ စေတီ။
တောတောင်စိမ်းစို ဂန္ဓမာသာစွ
သစ်ပင်ကြီးငယ် ပြိုင်ဆိုင်ပေါက်သည်
လွန်စွာအေးချမ်း ဌာနေမြတ်ဆန်း။
ကျောင်းကြီးဝင့်ထည် မြတ်သံဃာ အများ
သူတော်စင်များ ဘာဝနာပွား
ခိုမှီးတရားရှာ အောင်မြေသာ။
ခန်းနားကြီးကျယ် ဓမ္မာရုံကြီးဝယ်
မျိုးဆက်တွေ ကောင်းစားစေဘို့
ရည်သန်စိတ်ကူး အထူးပြုတည်
ထိုင်ဆရာ ဦးခေမာရယ်
စိတ်တော် ထူးမြတ်လှတယ်။
တနှစ်မှာ နှစ်ခါ
တရားစခန်း ဖွင့်တယ်
ဦးကောသလ္လ ဆရာမြတ်
စီစဉ်ကာရယ် စနစ်ကျ
ကျင့်ကြရ တရားဓမ္မတွေ။
ဓမ္မသုခ ကျောင်းတော်ရှိရာ
လာလှည့်ပါ ဖိတ်ခေါ်သည်
သံသရာ ၀ဲဂယက် လွတ်ထွက်ဖို့ရာ
ရည်သန် မြတ်နိဗ္ဗာန်သို့
ပို့ပေးမည့် ဘုမ္မိဌာနေ။
လင်းလက်အောင်

No comments:

Post a Comment