Wednesday, December 29, 2010

< လို ရာ စီး ပွား တိုး ကြီး ပွား ဖို့ > မျှော်လင့်ပါတယ်.....

ဆရာတော် တစ် ပါး လမ်း ညွန် ထား သည် ကို ပြန် လည် မျှ ဝေ ပါ သည် ။
ပြည်ပ ခရီး မြန်မ ကြာ နီး ဖို့ စာစု တစ်ခု ကို မကြာ ခင် က တင်ဆက် ခဲ့ ပါ သည် ။
( http://ayechanaungmyin.blogspot.com/2010/05/blog-post_07.html )
လိုရင်း ကိုသာ အတို ချုပ် ရေး ခဲ့သည့် အ တွက် အငြင်း ပွား ဖွယ် အနည်း ငယ် ရှိနိုင် သော်လဲ
သေချာစွာ ဖတ်လျှင် လိုရင်း ကို သိနိုင်ပါ လိမ့်မည် ။

( ၁ ) ကံ ကံ ဧ။် အကျိုး ( ၂ ) အ ကြောင်း ရှိမှ အကျိုးရှိ မည် ( ၃ ) မှန်ရာ ကို သစ္စာဆို/ ပြူ ခြင်း ဧ။် အကျိုး
စသည့်အချက် ကို သိထားလျှင် ပို အဆင် ပြေ ပါသည် ။

ဘာသာခြား များ အနေ နှင့် ဤ နည်း ကို သုံး ၍ ရမရ မေး လျှင် မူ ကာယ ကံရှင် ပေါ် တွင် သာ မူတည်ပါ လိမ့် မည် ။

ကိုးကွယ်သည့် ဘာသာ မတူ ညီ သော် လည်း အချိန်မှန် ဝတ်ပြု / ရွတ်ဖတ် ခြင်း ၊ သတ်မှတ် ထားသော နှေရက် များတွင်
ဘုရားကျောင်း များ/ ဝတ်ပြု ကျောင်း များ သို့ အချိန် သွားရောက် ခြင်း သည်လည်း ကောင်းမှူ ပြုလုပ် နေခြင်း ဖြစ်သည် ။
ထားရှိသည့် ရည်ရွယ်ချက် ကွာခြား နိုင်သော် လည်း သေသေ ချာချာ စိတ်ပါ လက်ပါ လုပ်ဆောင်ပါက အကျိုးထူး တစ်ခုခု
တော့ စံစား နိုင် ပေလိမ့်မည် ။
ဗုဒ္ဓ ဘာသာ အလိုအရ ကံ ဟူသည် အလုပ် ဖြစ် သည် ။ ကံ ကောင်း ခြင်း ဟူသည် ကောင်းသော အလုပ် ( သို့ ) အလုပ်
ကောင်းကောင်း ပြု လုပ် နိုင်ခြင်း ဖြစ်သည် ။

( ဆရာတော် တစ် ပါး လမ်း ညွန် ထား သည် ကို ပြန် လည် မျှ ဝေ ပါ သည် ။ )

မည်သူ မဆို ကောင်း သော အ လုပ် များများ ပြု လုပ်လျှင် ( သို့ ) အ လုပ် ကောင်းကောင်း
ပြု လုပ် နိုင်လျှင် ဝင်ငွေ ကောင်းမည် / စိတ်ချမ်း သာမည် ။

ဘုရား သခင် အလိုတော် ကျ ဟုတ်သည် ဖြစ်စေ / မဟုတ် သည် ဖြစ်စေ ၊
ဗုဒ္ဓ ဘာသာ ယုံကြည် သည် ဖြစ်စေ / မ ယုံ သည် ဖြစ်စေ ၊
ကောင်းသော အလုပ် များများ ပြု လုပ်လျှင် ( သို့ ) အလုပ် ကောင်းကောင်း ပြုလုပ် နိုင် လျှင် ကောင်းသောအကျိုး
ကျေးဇူး တစ် ခုခု တော့ ရ မည် မလွဲ ပေ ။
ဤ post ၏ အဓိက မှာ လူတိုင်း ဥစ္စာ စီးပွား တိုး ကြီး ပွား နိုင်စေ ရန် ဖြစ်သည် "

အခြားသော နည်းလမ်း များစွာ ရှိသော် လည်း အလွယ် တကူ လုပ်နိုင် သည့် နည်း တစ်ခု ကိုမျှ ဝေပေး ခြင်းဖြစ်ပါသည် ။

အချိန်မရွေး နေရာ မရွေး ပုတီး ပါသည် ဖြစ်စေ မပါ သည် ဖြစ်စေ ရွတ်ဆို နေရန် သာလို ပါသည် ။
အကြိမ် အရေ အတွက် နဲ သည် ဖြစ်စေ များသည် ဖြစ်စေ ရွတ်ဆို သော အခါ တွင် အာရုံ စူးစိုက် ရွတ် ရ ပါမည် ။
စုဘူး တွင် ငွေစု သကဲ့ သို့ များများ စုလေ မြန်မြန် ပြည့် လာ ပါ မည် ။

* အရဟံ = လူနတ် ဗြဟ္မာ သတ္တဝါ တို့၏ ပူဇော် အထူး ကိုခံယူတော်မူသော မြတ်စွာဘုရား
ဖြင့် အန္တရယ် ကင်းစေ နိုင်ပြီး

* အနုတ္တရောပုရိသ ဓမ္မ သာရထိ =
မ ယဉ်ကျေး သော လူနတ် ဗြဟ္မာ သတ္တဝါ တို့အား ယဉ်ကျေး လိမ္မာအောင် သွန်သင်ဆုံးမတော်မူသော မြတ်စွာဘုရား
ဖြင့် အနှောင့် အ ယှက် / အတိုက်အခိုက်များ ကင်းဝေး စေကာ

* ဘဂဝါ = ဘုန်းတော် ခြောက် ပါး နှင့် ပြည့် စုံ တော် မူသော မြတ်စွာဘုရား
ဖြင့် နံမည် ကျော်ကြား လူသိ များလာ စေနိုင် ပါသည် ။

စိတ်ဝယ် စွဲမှတ် ယုံကြည်စွာ ဖြင့် သေသေ ချာချာ ပြုလုပ် လျှင် လိုရာ စီးပွား တိုး ကြီး ပွား စေပါ လိမ့်မည် ။

( ကျန်း မာ ချမ်း သာ ကြ ပါ စေ ။ )

ဖတ်ကြည့်လိုက်ပေါ့ဗျာ။
မြတ်ကိုကို

No comments:

Post a Comment