Saturday, December 25, 2010

ဧည့်လမ်းညွှန်-လက်လှမ်းမှီသမျှ

CHATTING, ECARDS, FORUM, SPACES AND SOCIAL NETWORK
‘မြန်မာသူငယ်ချင်းများ’ ဆိုတဲ့ စာမျက်နှာ ကလေးမှာ register လုပ်ပါ။ ကိုယ့်ရဲ့ ဓာတ်ပုံကို upload တင်ပါ။ ပြီးရင် မြန်မာနိုင်ငံ တနံတလျားမှာရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အပြန်အလှန် ရင်းနှီး ချစ်ခင် ကြရအောင်စို့လားဗျာ။
IM တွေရှိတယ်။ group chat တွေရှိတယ်။ user profile နဲ့ ဓာတ်ပုံတွေ တင်ပို့ထားနိုင်တယ်။ forum ထဲမှာ ဆွေးနွေး ချင်တာ တွေ လည်း ၀င်ရောက် ပြောဆိုလို့ ရနိုင်သေးတယ်။ ကြာရင် user တွေလည်း ဒီ website လေးကို ‘သံယောဇဉ်’ ဖြစ်သွားကြပါလိမ့်မယ်။
ပထမဆုံးနေနဲ့ social network ဘက်ကို ပီပီပြင်ပြင် ခြေလှမ်းပြင်လိုက်တဲ့ myanmar date ဟာ register အရင်ဆုံး လုပ်ဖို့တော့ လိုပါမယ်။ sing up လုပ်ခွင့်ကို အခမဲ့ ပေးထားပြီး online ကနေ ကိုယ်နဲ့စိတ်ကူးဝါသနာ၊ ကြည်ဖြူနိုင်မယ့် မိတ်ဆွေကောင်း တစ်ယောက် ကို ရှာဖွေနိုင်စေပါတယ်။
ရွှေစကားဝိုင်းဟာ online messenger တစ်ခုဖြစ်ပါတယ်။ register လုပ်စရာမလိုဘဲ အလွယ်တကူ chatting ပြောဆိုလို့ ရနိုင်တဲ့ နေရာတစ်ခုပါဝင်ပြီး ကိုယ် PC မှာ လိုအပ်နေတဲ့ မြန်မာ font ကိုလည်း download ရရှိစေနိုင်ပါတယ်။ သပ်ရပ်တဲ့ဒီဇိုင်း အပြင် အဆင် တွေနဲ့ ‘ရွှေစကားဝိုင်း’ ဟာ အမြဲတစေလို chat ပြောဆိုသူတွေနဲ့ စည်ကားနေတတ်ပါတယ်။
‘Modins’ ပေါ်ထွက်လာခဲ့တဲ့ ကာလ ဟာငါးနှစ်ပတ်ဝန်းကျင်လောက် ရိုးသွားပါပြီ။ ဒီနေ့အချိန်မှာတော့ လူငယ်တွေ သိပ်မသိကြတော့ ပေမယ့် Modins ကတော့ သူ့ရဲ့ တာဝန်ကိုဝတ္တရားမပျက် ထမ်းဆောင် နေဆဲရှိပါတယ်။ အလွန်ရိုးစင်းတဲ့ ‘text-chat’ ကြီးကိုလည်း တွေ့နေရဆဲ ဖြစ်ပါတယ်။ သူငယ်ချင်း တွေနဲ့ အပြန်အလှန် e-card တွေကို ပို့ကြရင်း မမောမပန်းနိုင် chat ခဲ့ကြတဲ့ modin ချစ်သူတွေ က တော့ modins ပြန်အလာကို လက်ချိုးရေလို့ စောင့်ကြိုနေကြဆဲပါ။
‘စုဘူး’ ဟာအခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ ‘web 2.0 ရဲ့ ဒီဇိုင်းသဘော တရားလေးတွေ ပါဝင်ပါ တယ်။ myspace တို့လို social network တွေ ခေတ်စားလာတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ‘mysuboo’ ကို အခုကတည်းက လေ့လာသုံးစွဲထားမယ်ဆိုရင် နောက်ပိုင်း မှာ ‘myspace’ တိုလို website မျိုးတွေကို သုံးစွဲတတ်ဖို့အခြေခံကောင်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ‘မိုင်စုဘူး’ မှာ အဖွဲ့ဝင်အဖြစ် စာရင်သွင်းရင် သူငယ်ချင်းများစွာ ရလာနိုင်သလို နည်းပညာ အကူအညီ တွေကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ထင်ပါ တယ်။
Forum, postcard နဲ့ chat တွေကို တင်ထားပေမယ့် yadanar ဟာထင်သလောက် ခရီးမရောက် ခဲ့ ပါဘူး။ sever error ခဏခဏ ဖြစ်နေတတ်တာက developer တွေ အချိန်မီ ပြုပြင်လိမ့်မယ်လို့ ထင်ရပါတယ်။ online ပေါ်မှာ ရည်ရွယ်သူလေးကို ရှာဖွေဖို့ သင့် တော် တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။
IRC chat အတွက် စီမံခန့်ခွဲမှု web တစ်ခုဖြစ်ပါတယ်။ chatting ပြောဆိုဖို့အတွက်အကူအညီ အထောက် အပံ့တွေ အများအပြား ရနိုင်သလို IRC chat ကိုဆက်သွယ်လို့မရဖြစ်နေတဲ့ လူတွေအတွက် အတိုဆုံးသွားနိုင်တဲ့ လမ်းကြောင်း တစ်ခုပါ။

http://www.myitzuri.com
‘မဉ္ဇူရီ’ မှာ ဂီတအဖွဲ့ပေါင်းစုံရဲ့ MP3 သီချင်းတွေကို နားထောင်းလို့ ရနိုင်ပါတယ်။ ဒါ့အပြင် အပျင်းပြေ ဆော့ကစားလို့ကောင်းတဲ့ game တွေလည်း ရှိနေသလို ဘိုဖြူ၊ စိုင်းထီးဆိုင်တိုလို့ သီချင်း အေးအေး လေး တွေကိုလည်း download ရနိုင်ပါသေးတယ်။
စောင်ကြည့်ရန်

No comments:

Post a Comment