Saturday, December 25, 2010

ဧည့်လမ်းညွှန်-သိမြင်သမျှ

 မရှိမဖြစ် လူမှုကွန်ရက် tool (၁၀) ခု

1. Entourage
Facebook ပေါ်မှာ အခြေစိုက်ပြီး တည်ဆောက်ထားတဲ့ Entourage ဟာ My space ပေါ်မှာရှိတဲ့ friends at a Glance tool လိုပဲ လူကြိုက်များလှတဲ့ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ user အတွက် သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေကို thumbnail သဘောမျိုး စီစဉ်ပေးထားတာကစပြီး များစွာသော ဖန်တီးနိုင်မယ့် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတွေ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေ ဖြစ်ကြစေဖို့ နေရပ်လိပ်စာတွေကို မြေပုံ သဘောမျိုး ဖန်တီးပေးနိုင်တဲ့ ‘freind wheel’ ဆိုတာ ကလည်း ရှိပါသေးတယ်။
http://www.facebook.com/applications/Entourage

2. My flickr and Happy Flickr

လူမှုကွန်ရက် တိုင်းဟာ ဓါတ်ပုံတွေကို upload တင်ဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေဟာ နောက်ထပ်ဓါတ်ပုံ အသစ်တွေ ထပ်ပြီး upload လုပ်တာနဲ့ ဖုံးအုပ်ကုန်ပါတယ်။ Facebook အတွက် Myflick နဲ့ Myspace အတွက် happy Flickr တို့ကတော့ ဓါတ်ပုံအဟောင်းတွေရော၊ အသစ်တွေရော လယ်လင့်တကူ စီစဉ်ဖေါ်ပြပေးပါတယ်။ User အနေနဲ့ စနစ်တကျ စီစဉ်ထားလို့ ရရှိမှာဖြစ်ပြီး ဘယ်လိုပုံသဏ္ဍာန်မျိုး စီစဉ်ထားချင်သလဲ ဆိုတာကိုပဲ ကိုယ့်ဘာသာ စီစဉ်ရတော့မှာ ဖြစ်လောက်အောင် ကောင်းမွန်တဲ့ tool တွေပဲ ဖြစ်ပါတယ်။
http://www.facebook.com/application.http?.id=235255895

3. ilike

Facebook အတွက်ရော Myspace အတွက်ရော ဖန်တီးထားတဲ့ ilike tool ဟာ user တွေအချင်းချင်း တေးဂီတတွေ ဖလှယ်နိုင်စေပါတယ်။ အကြိုက်ဆုံး သီချင်းတွေကိုလည်း အတိုချုံးပြီး အမြည်းသဘော ရရှိခံစားနိုင်တဲ့အပြင် အသစ်ထုတ်လွှင့်မယ့် သီချင်းတွေကိုလည်း အဆိုတော် အလိုက် list လုပ်ပြီး ကြည့်ရှုနိုင်တဲ့အပြင် ကိုယ့်အကြိုက် သီချင်းတွေ အချင်းချင်းကိုတောင် compare လုပ်လို့ ရနိုင်တဲ့ အထိ ကောင်းမွန်စေပါတယ်။ ilike ဟာ add-on application တွေထဲမှာ အအောင်မြင်ဆုံး ပေါင်းစပ်နိုင်ခဲ့တဲ့ music tool တစ်ခုဖြစ်ပါတယ်။ ဂီတဝါသနာရှင် user အလိုရှိတာ မှန်သမျှကို ilike ကနေ ရရှိနိုင်ပါတယ်။
http://www.apps.facebook.com/ilike/

4. Graffiti

Graffiti ဆိုတာဟာ နံရံ၊ အုတ်တံတိုင်း၊ ကျောင်းစာသင်ခုံ စတာတွေပေါ်မှာ ရေးခြစ်ပြီး စိတ်ကူး ပေါက် သလို ရုပ်ပြောင်ထားတဲ့ ပုံ၊ စာ စတာတွေကို ခေါ်ဆိုတာပါ။ Online မှာ Graffiti ရေးဆွဲလို့ ရပါတယ်။ Facebook မှာပဲ ဖြစ်ဖြစ်၊ Myspace မှာပဲဖြစ်ဖြစ် ရေးချင်ရာ ရေးခြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ မျှဝေ ခံစားဖို့အတွက် ကောင်းမွန်တဲ့ tool လေးတစ်ခု ရှိပါတယ်။
http://www.facebook.com/apps/application.php?id=2439131959

5. Text twirl

စကားလုံးတွေနဲ့ တည်ဆောက်ဖို့ ဖွဲ့စည်းထားတဲ့ game တွေဟာ လူမှုရေး ကွန်ရက်ပေါ်မှာ ရှိနေပါတယ်။ ဆိုပါတော့ အဲဒီ game တွေကို ကစားရင်းနဲ့ ခက်ခဲတဲ့ level ရောက်တဲ့အခါ သူငယ်ချင်းတွေနဲ့ ညှိနှိုင်း တိုင်ပင်လို့ ရတဲ့အတွက် ပိုပြီး ကောင်းမွန်တဲ့ ခံစားမှု ရရှိပါလိမ့်မယ်။ Text Twirl ဟာ facebook အတွက်ရော၊ myspace အတွက်ပါ ရှိနေပါတယ်။ Google ထဲမှာ “Text Twirl for facebook” ဆိုပြီး လိုက်ပြီး ရှာဖွေလိုက်တာနဲ့ သူရဲ့ link ကို တွေ့ရမှာပါ။
http://www.facebook.com/applications/Text_Twirl/7613482658

6. Bubble Town

Online ပေါ်မှာဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ ဖြစ်စေ တစ်ကိုယ်တည်းဖြစ်စေ Video game ကစားချင်တဲ့အခါ bubble town ကိုသတိရလိုက်ပါ။ Puzzle game,flash game တွေနဲ့ တခြား ပေါ့ပါးသွက်လက်ပြီး အပျင်းပြေ ဆော့ကစားဖို့ ကောင်းတဲ့ game တွေ့ရှိပါလိမ့်မယ်။ Bubble Town အတွက် Facebook မှာရော Myspace မှာပါ App နေရာ ရှိနေပါတယ်။

7. Buyboobuy and Product Pulse

Facebook ပေါ်မှာ Run တဲ့ buy boo buy နဲ့ Myspace အတွက် Product Pulse ကတော့ online shopping တွေဖြစ်ပါတယ်။ ဥပမာ တီရှပ်အနီလေး၊ အပြာလေး၊ လိုချင်ပြီ ဆိုပါတော့၊ user အနေနဲ့ ချက်ချင်း မဝယ်ခင်မှာ စိတ်ကြိုက် ပစ္စည်းကို detail ကြည့်ချင်ဦးမှာပါပဲ။ ဒီ tool နှစ်ခုကနေ စိတ်တိုင်းကျ လုံခြုံစိတ်ချစွာ ဝယ်ယူရရှိ နိုင်ပါလိမ့်မယ်။

8. Dopplr

မြောက်မြားစွာသော လူတွေဟာ Facebook မှာရှိတဲ့ သူတို့ရဲ့ profile တွေကို တစ်ကမ္ဘာလုံးကို ပြသဖို့ အတွက် မြေပုံ လမ်းညွှန်မှုတွေ ပါဝင်တဲ့ App အငယ်စားတွေကို သုံးစွဲကြရပါတယ်။ အဲဒီအထဲမှာမှ Dopplr ဟာ အလွန်အသုံးဝင်တဲ့ widget အဆင့် tool တစ်ခုဖြစ်ပြီး သူနဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ သူငယ်ချင်း တွေကို အလွယ်ဆုံး ဆက်သွယ်နိုင်စေပြီး သူငယ်ချင်းတွေဟာ ဘယ်နေရာကနေ ချိတ်ဆက် နေတာလဲ ဆိုတာကိုပါ သိရှိစေနိုင်တဲ့အပြင် အခြားသော အသုံးဝင်တဲ့ tool တွေ ရှိနေပါသေးတယ်။

9. Twitter

Mobile Service တစ်ခုဖြစ်တဲ့ google ရဲ့ အပိုင် twitter ဟာ (မြန်မာစကားမှာရှိတဲ့ တွတ်တီး တွတ်တာ ဆိုတဲ့ သဘောနဲ့ ခပ်ဆင်ဆင်) လူတစ်ယောက်အတွက် တစ်ကိုယ်ရေဖျော်ဖြေမှုအနေနဲ့ mobile ကနေ တစ်ဆင့် blog ရေးသားနိုင်တဲ့ text message based မှာ ပြုလုပ်ထားတဲ့ service တစ်ခုဖြစ်ပါတယ်။
User တွေဟာ Social network မှာ ရှိမနေဘူးဆိုရင်တောင်မှ စာသား message တွေကို ဖုန်းတွေ ကနေ တစ်ဆင့် လက်ခံရရှိနိုင်ပါတယ်။

10. Universal profile

Online ပေါ်မှာ ရှိရှိသမျှ လူသားတွေအကုန်လုံး ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေး၊ အများနှင့်အတူ အေးချမ်း သာယာတဲ့ ဘဝလေးတစ်ခုကို ကိုယ်စီကိုယ်စီ တည်ဆောက် နိုင်ကြဖို့  နှိုးဆော် ဆော်သြ ကြတဲ့ အထဲမှာ Google, Myspace နဲ့ Facebook တို့ ပါဝင်လာခဲ့ကြပါပြီ။ Myspace ဟာ ဒီစီမံကိန်းကို အဖွဲ့ဝင် တွေ အချင်းချင်း profile တွေ လဲလှယ်နိုင်စေဖို့၊ တစ်ယောက်နဲ့တစ်ယောက် အကူအညီနဲ့ အထောက် အပံ့ တွေ ပေးကမ်းဖို့၊ ebay, photo bucket, twitter yahoo နဲ့ digg စတဲ့ web တွေပေါ်မှာ ပြန့်ကျဲ နေ တဲ့ သုံးစွဲသူတွေကို စုစည်းပြီး ကျစ်လျစ်တဲ့ web 2.0 ကမ္ဘာကြီး တစ်ခု တည်ဆောက်နိုင်စေဖို့ social network ဆယ်ခုကနေ ပေါင်းစပ်ထားတဲ့ tool တစ်ခုဖြစ်ပါတယ်။
မှတ်ချက်။        ။ အထက်ပါ tool များကို အလိုရှိပါလျှင် google.com ပေါ်ရှိ Search box တွင် “လိုချင်သော tool နာမည် for myspace သို့မဟုတ် facebook” ဟူ၍ ထည့်သွင်းရှာဖွေပါ။

No comments:

Post a Comment