Monday, December 27, 2010

ဓမ္မစာများကိုအဆက်မပျက်ပေးပို့ပေးသောအကိုကိုအထူးကျေးဇူးတင်လျက်


" အများသိဖို့  တရား ရှုကြစို့ "

လောက လူအများ
ရှိကြ ဆန္ဒ
အတ္တ သည်သာ။
လောက လူအများ
ရှိကြ ဆန္ဒ
ငါ ရဘို့သာ။
လောက လူအများ
ရှိကြ ဆန္ဒ
ကာမဂုံ ကိုသာ။
လောက လူအများ
တူညှီ ဆန္ဒ
ငါ့ဘို့ ငါ့ဟာ ငါသည်သာ။
လောက လူအများ
ရှိကြ ဖို့ရာ
တရား ရှာမှီး
ဓမ္မ ဆီမီး
ထွန်းညှိ ဘို့ရာ
ဝန်လေး တတ်သမို့
ရွှေပြည် နိဗ္ဗာန်
လွန်စွာ ဝေးပေါ့
သေခြင်း မရဏ
နေ့ည မဆိုင်း
ဝင်လာ နိုင်သမို့
မြဲရှိ သတိ နေ့စဉ်ရှိဖို့
တိုက်တွန်း ခြင် သည်
ဝိပဿနာ တရား စခန်း ဆီ…….
                                          လင်းလက်အောင်

No comments:

Post a Comment