"စိတ်"
ရုတ်တရက်ဆို
လန့်တာပေါ့
အို...... ဘာလဲဟင်.......
ဖျတ်ကနဲဆို
အို.......... လန့်တာပေါ့
ဘာလဲဟင်...............
ခြိမ်းခြောက် အော်သံ
ငိုသည်းသံလည်း
ရုတ်တရက် မို့
လန့်တာဘဲ........
အိပ် မှုံစုန်ဖွား
ဝိုး.........တ၀ါးနဲ့
အထင်မှား အမြင်မှား
ဘာတွေလဲ........
အကြောင်း မခိုင်
အကျိုး မပိုင်
မြူလို နှင်းလို
ဇာပုဝါ ပါး သွင် သဏ္ဍန်များ
လင်းလက် နေခြည်
အောက်မှာ မပီ
ပါး..... ပါး........ ပျောက်.........ပျောက်
ဘယ်ဆီကိုများ........ရောက်။
လင်းလက်အောင်
No comments:
Post a Comment