Monday, December 27, 2010

မမေ့သင့်သော ဘ၀အမှတ်တရတစ်ခု

"ဖနပ်ကလေး"
အနင်းခံရ
သူ့ဘ၀ဟာ
ပြားပြားဝတ်လို့
တင်းခံရတာ   သနားစရာ။
ဆူးငြှောင့် ခလုတ်
မထိ   ဖို့ရာ
သူကာကွယ်လို့
အကျိုးပြုရှာ။
ဘ၀   နိမ့်ပါး
မခန့်ငြားလည်း
အန္တရာယ်ခွင်း
ခရီး  ပြင်း  ထွက်
သူကား  တာဝန်
မလစ်  ဟင်းပဲ
တကယ့် သတ္တိ
စွမ်း   ရှိဘိ။
သို့သော်    သခင်
ရက်စက်စွာပင်
ဝန်နှင့်အား မမျှတပဲ
နင်းကာ ခိုင်းတာ
မညှာတာတော့
ပြတ်ရ ရှာပေါ့............. ။
   လင်းလက်အောင်

No comments:

Post a Comment