"ခွန်အား ( STRENGTH )"
ကြိုတင်ကာ စဉ်းစား
ငိုချင်လာ နောင်တမရပါစေနှင့်
လိုချင်တာ မနှေးရစေဖို့
စိတ်မှာ ဘ၀င် အေးရအောင်
မြတ်ဗုဒ္ဓ ဟောကြားထား
တရား မြတ်များ။
နှလုံးသားမှာ စွဲကာမှတ်
မြဲမပြတ် ရှုကာတည်
ဘာဝနာ အလှတရားကိုဖြင့်
စဉ်ထာဝရ
စိတ်မှာမှတ် ကိုယ်မှာကျင့်
ဒီဘ၀ ခန္ဓာ မစွဲပါပဲ
နောင်ဘ၀ လွတ်ရန်
ကုန်ကြမ်း ပေါ့လို့
မလျော့ ဇွဲနဲ့
နိဗ္ဗာန်ကို လှမ်းတက်ရန်
အားမာန် အပြည့်နဲ့
ကြိုးစား လိုက်စမ်းပါ့
သူတော်ကောင်း အပေါင်းတို့.............
လင်းလက်အောင်
No comments:
Post a Comment