Thursday, February 3, 2011

Creating and Restoring System Image in Windows 7

Windows 7 မှာ XP တုန်းကလို Image ဖန်တီးဖို့အတွက် Software သုံးစရာမလိုတော့ပါဘူး။ Control Panel ထဲက Backup and Restore ထဲမှာ System Image ဖန်တီးလို့ ရပါပြီ။ End User တွေ ကွန်ပျူတာတစ်ခုခုဖြစ်ရင် ဆိုင် သွားပို့ရတဲ့ ဒုက္ခကနေ ကင်းဝေးသွားပါပြီ။ System Image ဆိုတာဘာလဲ
System Image ဆိုတာက အလွယ်ပြောရရင် Partition တစ်ခုလုံးကို ဖိုင်လေးတစ်ဖိုင်အဖြစ် ကော်ပီကူးယူလိုက် ခြင်းပါပဲ။ အဲဒီတော့ Windows တစ်ခုခုဖြစ်ရင် Windows ပြန်တင်စရာမလိုဘဲ အဲဒီ Image ဖိုင်ကို ပြန်ထည့်လိုက်တာနဲ့ Windows လည်း တင်ပြီးသား၊ Software တွေလည်း တင်ပြီးသား ဖြစ်သွားပါတယ်။ ...
လုပ်ဆောင်နည်းအဆင့်ဆင့်နှင့် သဘောတရားများ

Windows တင်ပြီးခါစ၊ ကိုယ်အမြဲတမ်းသုံးနေတဲ့ Software တွေ တင်ပြီးခါစ ပူပူနွေးနွေးလေး အခြေအနေမှာ System Image ဖန်တီးဖို့ ကောင်းပါတယ်။ Windows ဟာ ကိုယ့်စိတ်ကြိုက် ဖြစ်သွားပြီဆိုရင် C: Partition ကို Image ဖန်တီးထားမယ်။ နောက်ပိုင်း Windows တစ်ခုခုဖြစ်ရင် အဲဒီ C: Partition ရဲ့ Image ကို C: ထဲ ပြန်ထည့်မယ်။ ဒါဆို Windows ပြန်တင်ရတာတွေ၊ Software ပြန်တင်ရတာတွေ မလိုတော့ပါဘူး။
ကဲ System Image စဖန်တီးကြည့်ရအောင်။
Control Panel ထဲက Backup and Restore ကိုသွားပြီး ဘယ်ဘက်မှာ ရှိတဲ့ Create a System Image မှာ တစ်ချက်နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာပြထားသလို Box လေးတစ်ခု ပေါ်လာပါလိမ့်မယ်။

အဲဒီမှာ သူမေးတာက C: ရဲ့ System Image ကို ဘယ်နားမှာ သိမ်းမှာလဲပေါ့။ အဲဒီတော့ ကိုယ်ကြိုက်တာ ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ CD/DVD တွေက စိတ်မချရတာမို့ Partition D: ထဲမှာ သိမ်းဖို့ ရွေးလိုက်ပါတယ်။ ပြီးတော့ Next ကို နှိပ်လိုက်ပါတယ်။
အဲဒီအခါက Windows 7 က အပေါ်မှာပြထားသလို Confirm လုပ်ပါတယ်။ Start Backup ကို တစ်ချက်နှိပ်လိုက်ပါ။ ဟော Backup စလုပ်နေပါပြီ။ တစ်နည်းအားဖြင့် C: Partition ရဲ့ Image ကို D: ထဲမှာ ထည့်နေပါပြီ။
ပြီးသွားတဲ့အခါမှာ အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်။ System Repair Disc လုပ်မှာလား မေးတာပါ။ Yes လို့ နှိပ်ပြီး CD ခွေလွတ်တစ်ချပ် ထည့်ပေးလိုက်ပါ။ စာဖတ်သူထည့်ပေးလိုက်တဲ့ စီဒီခွေလွတ်ကို System Repair Disc ဖြစ်အောင် Windows က လုပ်ဆောင်ပေးပါလိမ့်မယ်။
ပြီးသွားတဲ့အခါမှာ D: ထဲမှာ WindowsImageBackup ဆိုတဲ့ Folder လေးတစ်ခု ရောက်လာတာကို အောက်ပါအတိုင်း တွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ System Image ဖိုင် ရှိပါတယ်။ အမျိုးအစားက VHD ပါ။ File Size ကတော့ တော်တော် လေးကြီးပါလိမ့်မယ်။ C: မှာ 8 GB လောက်သုံးထားရင် သူကလည်း 8 GB ဖြစ်မှာပါပဲ။

Restoring System Image
Windows မတက်တာတွေ ဘာတွေဖြစ်ပြီဆိုတာနဲ့ အစောက System Image ကို ပြန်ခေါ်သုံးရပါတယ်။ System Repair Disc နဲ့ ကွန်ပျူတာကို Boot တက်ပါ။ အဲဒီအခါ Box တစ်ခု ပေါ်လာပါလိမ့်မယ်။ Restore Image ကို ရွေးပါ။ Image ဖိုင် ရှိတဲ့နေရာကို ရွေးခိုင်းတဲ့အချိန်မှာ အစောက D: ထဲမှာရှိတဲ့ WindowsImageBackup Folder ကို ရွေးပေးလိုက်ပါ။ ပြီးရင် Restore လုပ်လိုက်တာနဲ့ Image ကို C: ထဲ ပြန်ထည့်ပါလိမ့်မယ်။
ပြီးသွားရင် Windows ကြီး ပြန်ကောင်းသွားပါလိမ့်မယ်။ Windows ကတော့ Image ဖန်တီးခဲ့တုန်းက ပုံစံအတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။



လိုလျင်ကြံဆနည်းလမ်းရဆိုသလို
ကျနော်သိတာတွေ့တာလေး တင်ပေးလိုက်ပါတယ်။
မြတ်ကိုကို

No comments:

Post a Comment