Friday, February 4, 2011

သင်၏ လုပ်ဆောက်ချက်များကို မှတ်တမ်းတင်ပေးမယ့် PC Hand Screen Recorder





ဒီ Software ကတော့ မိမိ Computer မှာ လုပ်ဆောင်နေတာတွေကို  Desktop Screen မှာ မြင်နေသမျှကို မှတ်တမ်းတင်ပေးထားမယ့် Software ဖြစ်ပါတယ်။ မိမိလုပ်ဆောင်ချက်များကို avi, mp4, wmv,mpg, flv, swf ဖိုင်များဖြင့် သိမ်းဆည်းနိုင်ပြီး 32Bit & 64Bit System, Windows 7, 2000, 2003, 2008, XP, Vista အစရှိတဲ့ OS တွေမှာ အသုံးပြုနိုင်ပါတယ်။

၁။ PCHand Screen Recorder ကို Run လိုက်ပါ။ ထို့နောက် မိမိ Record ပြူလုပ်ပြီး ပြန်ကြည့်တဲ့အခါမှာ မြင်တွေစေနိုင်ရန်အတွက် “Full Screen” or “Selected Region” ထဲက တစ်ခုကို ရွေးလိုက်ပါ။

၂။ “Video” tab ကို သွားပြီး “Video Settings” တွင် မိမိသိမ်းလိုသည့် Movie File အမျိုးအစားကို ရွေးလိုက်ပါ။ Quality မှာတော့ မိမိတိုင်းတိုင်ကျ ပြင်ဆင်ပါ။




“Audio” tab မှ “Audio Setting” တွင် မိမိတိုင်တိုင်းကျ ပြင်ဆင်ပါ။



၃။ "Output” tab မှာ   “save manually” or “auto save” နှစ်ခုထဲက ကြိုက်တာကိုရွေးပါ။ မိမိဘာသာ လမ်းကြောင်းသတ်မှတ်ပြီးသိမ်းမယ်ဆိုလျှင်တော့ Save Manually ကို ရွေးပြီး လမ်းကြောင်းသတ်မှတ်ပေးပါ။




၎။ အားလုံးအဆင်သင့်ဖြစ်ပြီး မိမိစတင်မှတ်တော့မယ်ဆိုလျှင်
Stat ဆိုတာလေးကို နှိပ်လိုက်ပေါ့ဗျာ။ရပ်ချင်ရင်တော့ Stop ဆိုတာလေးကို နှိပ်ရင် ရပြီပေါ့။
ကျနော်သိသမျှ မြင်သမျှ တွေ့သမျှကို မျှဝေလိုက်ပါတယ်။
လိုချင်ရင်တော့ ဒီမှာနေရာမှာသွားယူပါ။

No comments:

Post a Comment